အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
2011.07.14

Photo: AFP
“ရက်ပေါင်း (၁၀၀) ကျော်လာပြီ ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဘယ်လောက် အထိ အပြောင်းအလဲ ဖေါ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိတယ် ဆိုတာကို အခုထိ ခန့်မှန်းလို့ မရသေးပါဘူး။ ရက်(၁၀၀) ဆိုတာ သိပ်ကြာလှတဲ့ ကာလ မဟုတ်ပေမည့် တကယ် လုပ်ချင်ရင်တော့ သိသာအောင်လို့ လုပ်နိုင်တာတွေ ရှိပါတယ်။ လုပ်သင့် လုပ်ထိုက် တာတွေကို အမြန်ဆုံး လုပ်တာဟာ တိုင်းပြည် အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလိုလည်း လုပ်ကြဖို့ကို တိုက်တွန်းချင်ပါတယ်။”
သောကြာနေ့တိုင်း RFA က အပတ်စဉ် တင်ဆက်နေတဲ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်` အစီအစဉ် အတွက် သောတရှင် တဦးက လက်ရှိ အစိုးရရဲ့ ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အပြည့်အစုံကို သောကြာနေ့ည တက်ဆက်မယ့် `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်` အစီအစဉ်မှာ နားဆင်နိုင်ပါတယ်။