နိုဘယ်လ်ဆု ချီးမြှင့်ခံရခြင်း နှစ်၂၀ ပြည့် ဂုဏ်ပြုပွဲ ကျင်းပဖို့ စီစဉ်
2011.12.08

RFA
ဒီအခမ်းအနား ဖြစ်အောင် စီစဉ်နေသူတွေဟာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ချီးမြှင့်ခံရချိန်မှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ရေး တောင်းဆိုလို့ အဖမ်းခံရသူ ကျောင်းသားတွေ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ၁၀ ဒီ (10/D) ကျောင်းသားများလို့ နာမည်ပေးထားကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီး(စမ်းချောင်း) က ပြောပါတယ်။
အဲဒီနေ့ ကျင်းပမယ့် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေလည်း တက်ရောက်မယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ဟံသာဝတီ ဦးဝင်းတင်က ငြိမ်းချမ်းရေး စာတမ်း တစ်စောင် ဖတ်ကြားမယ်လို့ သိရပါတယ်။ အဲဒီနေ့မှာပဲ ရန်ကုန် ဗုဒ္ဓတက္ကသိုလ် ပိဋကတ်စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားပါ တစ်ပြိုင်တည်း ကျင်းပမယ်လို့ သိရပါတယ်။
အဲဒီအခမ်းအနားကို သံတမန်တွေအပြင် အများပြည်သူတွေပါ တက်ရောက်နိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။