မြန်မာနိုင်ငံကို လာမယ့် ဆယ်စုနှစ်မှာ အခုထက်သာစေချင်
2012.02.09

NLD
ဒီလိုဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေး အပြောင်းအလဲထက် နိုင်ငံရေး အပြောင်းအလဲက ပိုပြီး အရေးကြီးနေတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က Asean Business Club အာဆီယံ စီးပွားရေးအသင်း ABC အဖွဲ့က ကိုယ်စားလှယ်တွေကို ပြောလိုက်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တော့မယ်ဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မလုပ်ခင်မှာ စောင့်ကြည့်ဖို့ကိုလည်း အကြံပြု လိုက်တယ်လို့ သိရပါတယ်။
Asean Business Club က ကိုယ်စားလှယ် ၁၂ ဦးပါ အဖွဲတစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၆ ရက်နဲ့ ၇ ရက်မှာ နေပြည်တော်ကိုသွားပြီး အာဏာပိုင် အဖွဲ့ဝင်တွေနဲ့ တွေ့ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာ အခုလို ပြောလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာရဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ဖော်ပြ လိုက်တာပါ။