ဒေါ်အောင်ဆန်းစုကြည်ကို ဘဂါဝမ် မဟာဗီယာ ကမ္ဘာ့ငြိမ်းချမ်းရေးဆု ချီးမြှင့်

ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ အိန္ဒိယအခြေစိုက် ဟိန္ဒူဘာသာဝင် အဖွဲ့အစည်းကြီးတစ်ခုက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘဂါဝမ် မဟာဗီယာ ကမ္ဘာ့ငြိမ်းချမ်းရေးဆု ဒီကနေ့ ချီးမြှင့်လိုက်ပါတယ်။

2012.04.02

ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသူတွေနဲ့ အထင်ကရ ပုဂ္ဂိုလ်တွေကို နှစ်စဉ်ပေးအပ် ချီးမြှင့်လေ့ရှိတဲ့ ဒီဆုကို ဒီနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့တာဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အိန္ဒိယနဲ့ ဆက်ဆံရေးမှာ အလားအလာကောင်းတစ်ခု ဖြစ်တယ်လို့ အိန္ဒိယအခြေစိုက် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက ပြောပါတယ်။

ဘဂါဝမ် မဟာဗီယာ ကမ္ဘာ့ငြိမ်းချမ်းရေးဆုကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပူနေး ( PUNE) မြို့ အခြေစိုက် Sarhad အဖွဲ့ကြီးက ပေးအပ်တာဖြစ်ပါတယ်။ ဆုအတွက် အိန္ဒိယရူပီးငွေ ၁၁ သိန်း ချီးမြင့်မှာ ဖြစ်ပါတယ်။

ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားအတွက် ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ ဆုလက်ခံရယူဖို့ အိန္ဒိယသမ္မတကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-02 04:14

THANK Y0U

Anonymous
2012-04-02 14:27

မြန်မာနိုင်ငံသားဖြစ်ရတာဂုဏ်ယူပါတယ်။