ကြားဖြတ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ဖွယ်ရှိ

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ဖွယ်ရှိကြောင်း NLD ပါတီက ပြောဆိုလိုက်ပါတယ်။

2011.11.13
assk-eco-forum-305 အီးယူ ဥရောပ သမဂ္ဂနဲ့ ပူးတွဲပြီး မြန်မာ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ကျင်းပတဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဖွံဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို အီးယူ သံအမတ် David Lipman ၊ မြန်မာ့စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်တို့နှင့် အတူ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ရ ရက်နေ့တွင် တွေ့ရစဉ်။ ဓါတ်ပုံ - RFA
RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြန်လည် မှတ်ပုံတင်ကောင်း တင်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲ ဝင်နိုင်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောဆိုတယ်ဆိုပြီး AFP သတင်းဌာနက ဖော်ပြထားပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA က မေးမြန်းကြည့်တဲ့အခါ ဦးဉာဏ်ဝင်းက…

“ဒါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖြေပါလိမ့်မယ်။ ကျနော့်အနေနဲ့ကတော့ မြင်ရတွေ့ရတဲ့ အခြေအနေပေါ်မှာ ဖြစ်နိုင်ခြေရှိတယ်လို့ ကျနော်ပြောခဲ့ပါတယ်”

အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ၄ဝ လောက် လစ်လပ်နေတဲ့အတွက် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပြီး ပြန်လည်ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမယ် ဆိုတာကိုတော့ ဦးသိန်းစိန်အစိုးရက ကြေညာထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ သောကြာနေ့က NLD ပါတီ တာဝန်ရှိသူတွေ အစည်းအဝေးတရပ် ကျင်းပခဲ့ပေမယ့် ပါတီမှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးကို ဆုံးဖြတ်ချက် မချရသေးဘဲ လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့ကို ရွှေ့ဆိုင်းထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ် ရွေးကောက်ပွဲနယ်မြေက ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုတာမျိုး တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-14 00:33

ခေတ်သစ် ကလီယိုပါထရာ သည် ၂၀၀၈ ဖွဲ့စည်းပုံကော်ဇော အလိပ်ခံ၍ စတေးခဲ့လေပြီ။ အမိမြန်မာပြည် စစ်မီးများငြိမ်းပါစေ။
မြန်မာပြည်သူတွေ မျှော်လင့်ချက်များ ပြည့်ဝလာကြပါစေ။

Anonymous
2011-11-13 00:09

ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့တဲ့စစ်အစိုးရနဲ့ မြန်မာ့နိုင်ငံရေးလမ်းကြောင်းကိုပြန်လည်ချိန်ထိုးပြီးစဉ်းစားစေချင်ပါတယ်။နိုင်ငံတစ်နိုင်ငံရဲ့ အဓိကခြေခံအုတ်မြစ်ဖြစ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရယ်၊နိုင်ငံတော်ရဲ့စီမံခန့်ခွဲမှုကိုအမြင့်ဆုံးတာဝန်ယူအုပ်ချုပ်ရတဲ့သမ္မတနေရာတွေမှာ၊အားနည်းချက်တွေရှိနေပါသေးတယ်။အဓိကအချက်တွေမပြုပြင်မပြောင်းလဲသေးဘဲ၊ရွေးကောက်ပွဲဝင်မယ်ဆိုရင်တော့...နည်းနည်းလောက်များ၊စောင့်ကြည့်လေ့လာအကဲခတ်ပြုပြင်ပြောင်းလဲယူပါဦးလားလို့ ဘဲ၊ပြောချင်ပါတယ်။

Anonymous
2011-11-12 19:23

I am quite worry for Anti Su,SPDC not good enough.

Anonymous
2011-11-13 06:22

2010 ရွေးကောက်ပွဲမ၀င်မိတာကိုနောင်တရနေတဲ့ NLD ရတဲ့အခွင့်အလန်းလက်မလွတ်တန်း အမြန်အမအရယူပြီးမှတ်ပုံတင်မယ် ရေါးကောက်ပွဲဝင်မယ် ဟိုတုန်းကပြောခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဟာဒီမိုကရေစီစံတွေနဲ့ မကိုက်ညီဘူးဆိုတာကိုအခု ဘွာတေး မေ့ပစါလိုက်တော့နော် ၁၉၉၀ ရွေးကောက်ပွဲတုန်းက ပြည်သူကပေးခဲ့တဲ့ တာဝန်(ရလဒ်)ကိုလဲ ဟဲဟဲ ပြီးခဲ့တာတွေပြန်မပြောကြနဲ့ အန်တီပြောတာကြားလားပေါ့