တိုင်းပြည်ကို ဦးဆောင်ခွင့်ရရင် ဦးဆောင်သွားမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
2012.06.28

AFP
တိုင်းပြည်ကို ဦးဆောင်လုပ်ကိုင်သွားဖို့ အဆင်သင့် ပြင်ထားပါသ လားလို့ အေအက်ဖ်ပီ သတင်းထောက်က မေးမြန်းတာကို ဒေါ်အောင် ဆန်းစုကြည်က အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဒီမိုကရေစီကို ယုံကြည်တဲ့ ဘယ်နိုင်ငံရေးပါတီ ခေါင်းဆောင်မဆို ကိုယ့်ကိုယ်ကို တိုင်းပြည်ကို ဦးဆောင်သွားနိုင် ဖို့ ပြင်ဆင်ထားရမှာ ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုခဲ့ပါတယ်။
ဒါပေမယ့် သူ့အနေနဲ့ ဒီကိစ္စကိုပဲ အမြဲစဉ်စားပြီး လုပ်နေတာတော့ မဟုတ်ပါဘူးလို့လည်း ပြောကြားခဲ့ပါတယ်။ ပစ္စုပ္ပန်မှာ လုပ်စရာရှိတဲ့ အကြောင်းကိစ္စတွေကိုပဲ အဓိက အာရုံထား လုပ်ကိုင်နေကြာင်း၊ ဒါပေမယ့်လည်း ဒီပစ္စုပ္ပန်ဟာ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်နေမှာပဲ ဖြစ်တယ်လို့ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ် ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ မြန်မာပြည်ကို ပြန်တော့မှာ ဖြစ်ပါတယ်။