လွှတ်တော်တက်ဖို့ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ကိုရောက်ရှိ

မနက်ဖြန် ဆက်လက်ကျင်းပမယ့် စတုတ္ထအကြိမ် ပုံမှန်လွှတ်တော်ကို တက်ရောက်ဖို့အတွက်NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိသွားပြီ လို့ သိရပါတယ်။

2012.07.08
assk-parliament-0502-b305 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် လွှတ်တော်တက်ရောက်စဉ် ၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့က လွှတ်တော်ခန်းမအတွင်း သတင်းထောက်များ ဝိုင်းဝန်းမေးမြန်းနေသည့် မှတ်တန်းပုံ ဖြစ်ပါသည်။
RFA

မနက်ဖြန် ဆက်လက်ကျင်းပမယ့် စတုတ္ထအကြိမ် ပုံမှန်ပြည်သူ့လွှတ်တော်ကို တက်ရောက်မှာ ဖြစ်ပြီး ဒီနေ့ နေ့ခင်းက ရန်ကုန်ကနေ ထွက်ခွါသွားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လက်ထောက်နဲ့ အနီးကပ် လုံခြုံရေး တာဝန်ယူထားသူများ လိုက်ပါသွားကြောင်း  NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA ကိုပြောပါတယ်။

စတုတ္ထအကြိမ် ပုံမှန်လွှတ်တော် အစည်းဝေးကို ဇူလိုင်လ (၄) ရက်နေ့က စတင်ခဲ့တာ ဖြစ်ပေမယ့် ဇွန်လ အတွင်း ဥရောပ နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး အခြေအနေရ လွှတ်တော် အစည်းဝေး တွေကို ချက်ချင်း မတက်နိုင်ဘဲ အနားယူခဲ့ပါတယ်။

လာမယ့်ရက်တွေ အတွင်း ကျင်းပသွားမယ့် လွှတ်တော်မှာ NLD ပါတီလွှတ်တော် ကိုယ်စားလှယ်တွေက လယ်သမား၊ အလုပ်သမားအရေး (လဝက) စည်းမျဉ်း ဥပဒေ ကိစ္စနဲ့ ခေတ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေတွေ ဖျက်သိမ်းရေး အဆိုတွေကို တင်သွင်းသွားဖို့ ရှိကြောင်း ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။