ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ မကွေးမြို့ပြည်သူတွေ ဆုတောင်းမေတ္တာပို့

ကျန်းမာရေး အခြေအနေကြောင့် မကွေးခရီးစဉ် ဖျက်သိမ်းလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည် ကျန်းမာလာစေဖို့ သောင်းနဲ့ချီတဲ့ မကွေးမြို့ပြည်သူတွေ မနေ့တုန်းက မြို့ကိုလှည့်လည်ပြီး ဆုတောင်း မေတ္တာပို့ကြကြောင်း သိရပါတယ်။

2012.03.27
magwe-youth-b305 မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေရန်အတွက် ၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်တွင် မကွေးမြို့ ပြည်သူလူထုက မကွေး မြသလွန်ဘုရား အင်္ဂါထောင့်၌ ဝတ်ပြုဆုတောင်း မေတ္တာပို့နေကြစဉ်။
RFA

မနေ့ မနက်ပိုင်းက မကွေး မြသလွန်ဘုရား အင်္ဂါထောင့်မှာ ပြည်သူလူထုက ဝတ်ပြုဆုတောင်း မေတ္တာပို့ခဲ့ကြကြောင်း၊ နောက်ပိုင်းမှာ လူစုခွဲလိုက်ကြကြောင်းမြို့ခံတစ်ဦးက ပြောပြပါတယ်။

အစောပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၂၇ ရက်၊ ၂၈ ရက်နေ့တွေမှာ မကွေးတိုင်းတွင်းက မြို့နယ် ၄ မြို့နယ်ကို သွားရောက်ဖို့ စီစဉ်ခဲ့ပြီး မြိတ်မြို့ခရီးစဉ်မှာ ကျန်းမာရေး ချို့ယွင်းလာတာကြောင့် မကွေးခရီးစဉ်ကို ဖျက်သိမ်းခဲ့ရတာပါ။

မကွေးမြို့နယ်မှာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဦးမြင့်သိန်းက ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-28 00:49

may have long live for myanmar people.

Anonymous
2012-03-30 19:24

မကွေးသူမကွေးသားများအားလုံးအန်တီစုအတွက်ဆုတောင်ပေးကြလို့ဝမ်းသာပီတိဖြစ်ရပါတယ်။အန်တီစုအမြန်ဆုံးကျန်းမာလို့ NLD အနိုင်ရအောင်မြင်ပါစေ။