ကျောင်းပြန်တက်ခွင့်ရရေး ဥပဒေ နည်းလမ်းနဲ့လုပ်ဖို့ အကြံပြု

ကျောင်းပြန်တက်ခွင့် ရရေးကို ဥပဒေနည်းလမ်းနဲ့ ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းကြည်က နိုင်ငံရေး အကျဉ်းသားဟောင်း ကျောင်းသားတွေကို ဒီကနေ့ အကြံပေးလိုက်ပါတယ်။

2012.02.09
assk-student-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိူင်ငံရေး အကျဉ်းသားဟောင်း ကျောင်းသားများ တွေ့ဆုံစဉ်။
RFA

ကျောင်းပြန်တက်ခွင့် မရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကျောင်းသူ ကျောင်းသားတွေကို ဒီကနေ့ မနက်ပိုင်းက ရွှေဂုံတိုင် ဌာနချုပ်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပြီး ခုလို အကြံပေးခဲ့တယ်လို့ တွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ၂၀၀၇ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် စည်းရုံးရေး ကော်မတီ ဒု ဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းက ပြောပါတယ်။

ပြန်လည် ပညာသင်ကြားခွင့်အတွက် သက်ဆိုင်ရာ ပါမောက္ခချုပ် အသီးသီးဆီကို စာတွေ တင်ထားပေမယ့် အကြောင်း တစ်စုံတစ်ရာ မပြန်ကြားကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥပဒေနဲ့အညီ ဆက်ဆောင်ရွက်ဖို့ အကြံပေးကြောင်း သိရပါတယ်။

ကိုဒီငြိမ်းလင်း ကိုယ်တိုင်လည်း ဘူမိဗေဒ ဘာသာရပ် နောက်ဆုံးနှစ် တက္ကသိုလ် ကျောင်းသား တဦးဖြစ်ပြီး အကျဉ်းထောင်ကနေ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက် လာပြီးနောက် ကျောင်းပြန်တက်ခွင့် မရသေးပါဘူး။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းနဲ့ပြည်နယ် အသီးသီးက အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် ၃၀၀ ခန့်နဲ့ ဒီကနေ့ နေ့လယ်ပိုင်းက အန်အယ်လ်ဒီပါတီ ရုံးချုပ်မှာ တွေ့ဆုံပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စ ဆွေးနွေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။