ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ် သမ္မတဟောင်း လာရောက်တွေ့ဆုံ
2012.06.28

ဒီတွေ့ဆုံတာနဲ့ ပတ်သက်လို့ ခရီးစဉ် တလျှောက်လုံးလိုက်ပါသွားတဲ့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုဇေယျသော်က အခုလိုပြော ပါတယ်။
"ပြင်သစ်သမ္မတဟောင်း Mr. Sarkozy ရယ် သူ့ရဲ့ဇနီး Carla Bruni ရယ်နဲ့ ဟိုတယ်မှာပဲ တွေ့ပါတယ်ခင်ဗျား။ အမေစု အနေနဲ့ အခုကတော့ museum တစ်ခုကို သွားပါတယ်ဗျ။ Museum ကအပြီး အခုလောလောဆယ်မှာ ကျွန်တော်တို့က ဆီးနိတ်ကို သွားဖို့ ပြင်ဆင်နေပါတယ်"
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြင်သစ် ပါလီမန် ၂ ရပ်စလုံးကို တက်ရောက်ပြီးရင် ဥရောပခရီးစဉ် အဆုံးသတ် မယ်လို့ သိရပါတယ်။ ဒီကနေ့ ပြင်သစ် အမျိုးသားလွှတ်တော်နဲ့ အထက် လွှတ်တော် ၂ ရပ်စလုံးကို သွားရောက် မလေ့လာခင်မှာ ပဲရစ်မြို့က ဆောဘွန်း (Sorbone university) တက္ကသိုလ် မှာ ကျောင်းသူ ကျောင်းသားတွေကို စကားပြောမှာ ဖြစ်ပါတယ်။
ပဲရစ်မြို့ကနေ မြန်မာနိုင်ငံကို မထွက်ခွာခင် မနက်ဖြန်မနက်ပိုင်းမှာ နာမည်ကြီး Orsay ပြတိုက်ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း ပဲရစ်မြို့တော်ခန်းမ မှာ ပြင်သစ်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ တွေ့ဆုံ အမှာ စကား ပြောကြားခဲ့ပါတယ်။
ဒီအကြောင်း မအင်ကြင်းနိုင် စုစည်းတင်ပြထားတာကို တဆက်ထဲ နားဆင်နိုင်ပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်မှာ မြန်မာနိုင်ငံကို ပြန် လည် ရောက်ရှိမှာဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ အပါအဝင် လူအများအပြားက မင်္ဂလာဒုံလေဆိပ်မှာ ကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။
ရန်ကုန်ပြန်ရောက်လာရင် လေဆိပ်ကနေ တက္ကသိုလ်ရိပ်သာလမ်းက အိမ်အထိ လမ်းဘေးဝဲယာကနေ သောင်းသောင်းဖျဖျ ကြိုဆိုကြဖို့ မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်က ဦးဆောင်စီစဉ်နေပါတယ်။
ဒီအကြောင်းကို RFA သတင်းထောက် ကိုသူရိန်စိုးက သတင်းပေးပို့ထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |