ဦးအောင်ကြည်နဲ့ တွေ့ဆုံပွဲ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း
2011.10.03

NLD
ဗဟို အလုပ်အမှုဆောင ်အဖွဲ့ဝင်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆို ဆွေးနွေးခဲ့တဲ့ အချက်တွေကို သဘောတူကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။
ဒီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ အလုပ် အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြတဲ့ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဒေါ်မေဝင်းမြင့်တို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။