နော်ဝေနိုင်ငံ ဆောင်ရွက်ချက် ဒေါ်အောင်ဆန်းစုကြည် ချီးကျူး
2012.06.17

အော်စလိုမြို့တော်မှာ မနေ့က နော်ဝေနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီး Rafto Foundation လူ့အခွင့်အရေးအဖွဲ့ရုံးစိုက်ရာ ဘာဂန်မြို့ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တာပါ။
ဒီနောက် အဲဒီမြို့ကိုရောက်နေတဲ့ မြန်မာတိုင်းရင်းသား မိသားစုတွေရဲ့ ဂုဏ်ပြုပွဲအခမ်းအနားကို တက်ရောက်ပြီးတော့လည်း မိန့်ခွန်းပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရောက်ရှိနေတဲ့ ဘာဂန်မြို့ဟာ သူ့ကို နိုင်ငံတကာကချီးမြှင့်တဲ့ဆုတွေထဲက ပထမဦးဆုံးအနေနဲ့ ၁၉၉၀ပြည့်နှစ်က လက်ခံရရှိတဲ့ လူ့အခွင့်အရေးဆုကို အဲဒီမြို့မှာအခြေစိုက်တဲ့ Rafto Foundation ကဂုဏ်ပြုပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဘာဂန်မြို့သူ မြို့သားတွေရဲ့ကြိုဆိုပုံကိုကြည့်ပြီး ဂုဏ်ယူမိတယ်လို့ ဘာဂန်မြို့က မြန်မာ့အရေးလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ မကေသီအေးက ပြောပါတယ်။
ဘာဂန်မြို့ရဲ့ဂုဏ်ပြုပွဲအခမ်းအနားအပြီး ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့တော်ကို ပြန်လည်ထွက်ခွာသွားပြီး ဒီကနေ့မှာ နော်ဝေလွှတ်တော်ကို သွားရောက်မှာဖြစ်ပါတယ်။
နော်ဝေနိုင်ငံ၊ ဘာဂန်မြို့ကိုရောက်ရှိသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ အဲဒီမှာ လိုက်ပါသတင်းယူနေတဲ့ အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်စိုးကို ဝါရှင်တန် ဒီစီ ရုံးချုပ်ကနေ ဦးခင်မောင်ညိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ အဲဒီမှာရှိကြတဲ့ မြန်မာတိုင်းရင်းသားတချို့ရဲ့ တုံ့ ပြန်ချက်တွေကိုတော့ မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက် |
![]() |
အသံဖိုင်ယူရန် |