အစ္စလာမ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း
2012.07.05

Photo:Wikipedia
OIC အဖွဲ့အကြီးအကဲ မစ္စတာ အစ်ကမက်လဒင်း အီစားနို (Ekmeleddin Ihsanoglu) က ဒေါ်အောင်ဆန်းစုကြည်ကို စာနဲ့ရေးသား မေတ္တာရပ်ခံရာမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တဦးအနေနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းတွေကို မြန်မာပြည်ထဲရေး ပြဿနာတွေ ဖြေရှင်းရာကနေ စတင်ဆောင်ရွက်လိမ့်မယ်လို့မိမိတို့ယုံကြည်ပါကြောင်း ဖော်ပြပါရှိပါတယ်။
အဖွဲ့ဝင် ၅၇ နိုင်ငံ ပါရှိတဲ့ OIC အဖွဲ့ရဲ့ ညွန်ကြားရေးမှူးချုပ် မစ္စတာ အစ်ကမက်လဒင်း အီစားနိုက ဒုက္ခသည်တွေ မိမိတို့နေရာကို မြန်မြန်ဆန်ဆန် ပြန်နိုင်ရေးအတွက်လည်း တိုက်တွန်း ပြောကြားလိုက်ပြီး ရိုဟင်ဂျာများရဲ့ အခွင့်အရေးတွေ ဖောက်ဖျက်ခံရမှု အပေါ်လည်း စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် သူ့ရဲ့စာထဲမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျက်ဒါမြို့က OIC ဌာနာချုပ်ကို လာရောက် လည်ပတ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ထားပါတယ်။