ငြိမ်းချမ်းစွာဆန္ဒပြမှု အပေါ် ဒေါ်အောင်ဆန်းစုကြည် အမြင်
2011.10.06

NLD
လွန်ခဲ့တဲ့ သီတင်းပတ် အတွင်း ရန်ကုန်မြို့မှာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်း ပြောဆိုတာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA ပရိသတ်တဦးက အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"အေးအေးချမ်းချမ်း စည်းကမ်းရှိရှိနဲ့ ဒီမိုကရေစီ ရရှိရေးကို အားပေးသောအားဖြင့် လုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီ ခရီးစဉ်ကို အနှောက်အယှက်ပေးမယ်လို့ မထင်ပါဘူး။"
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့က ရန်ကုန်မြို့မှာ လူတွေရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရကြား ဆွေးနွေးမှုတွေကို ထိခိုက်နိုင်ခြင်း ရှိပါသလားလို့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ် အမေးအဖြေ ကဏ္ဍမှာ သောတရှင်တဦးက မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်လည် ဖြေကြားလိုက်တာ ဖြစ်ပါတယ်။