ပြည်သူတွေရဲ့အောင်နိုင်မှုလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မနေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အောင်နိုင်မှုဟာ ပြည်သူတွေရဲ့အောင်နိုင်မှုဖြစ်ပြီး တခြားပုဂ္ဂိုလ်တွေ၊ တခြားအဖွဲ့အစည်းတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ကြပါနဲ့လို့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

2012.04.02
assk-victory-speech-0402-b305 ၂၀၁၂ ခုနှစ် ဧပြီလ ၂ ရက်နေ့က ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်း NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် ပထမဆုံးအကြိမ် နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားနေစဉ်။
RFA

ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမှာရှိတဲ့ NLD ရုံးချုပ်မှာ မဲဆန္ဒရှင်တွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် ပထမဆုံးအကြိမ် နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားရာမှာ အဲဒီလို ပြောလိုက်တာပါ။

စိတ်ထားမြင့်မြင့်နဲ့ ဆက်ပြီးလုပ်စရာတွေက အများကြီးရှိတဲ့အတွက် အခုကနေစပြီး ငါနိုင်ပြီဟေ့ဆိုတဲ့ စိတ်ဓာတ်နဲ့ မဟုတ်ဘဲ ငါတို့ စပြီးလုပ်ဖို့ အခွင့်အရေး တစ်ခုတော့ရပြီဆိုတဲ့ စိတ်ဓာတ်နဲ့သာ ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ အမျိုးသားရင်ကြားစေ့ရေးအတွက် ပိုမိုလုပ်ဆောင်နိုင်ဖို့နဲ့ ဒီအောင်မြင်မှုဟာ ဒီမိုကရေစီခေတ်ရဲ့ အဦးအစလို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။

ပြည်ပသတင်းထောက်တွေကို ရည်ရွယ်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ဖော်ဆောင်မယ့် ဖြစ်စဉ်မှာ ပါဝင်ဖို့၊ ပူးပေါင်းဖို့ ဆန္ဒရှိသူတွေအားလုံးကို ဖိတ်ခေါ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

တရားဥပဒေ စိုးမိုးရေး၊ တိုင်းရင်းသား ပဋိပက္ခ ချုပ်ငြိမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းချက်တွေမှာ အားလုံးပူးပေါင်းကြမယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-02 18:24

Yes, it is important not to alienate anyone. We should concentrate on our goals and not be sidetracked by destructive elements.

Anonymous
2012-04-02 03:54

She is the best leader of Burma after General Aung San.