ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေ

မဲဆွယ်စည်းရုံးရေးတွေမှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေအရ အခုကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတမှု အပြည့်အဝမရှိဘူးလို့ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

2012.03.30
assk-press-0330-b305 ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ပြည်ပ သတင်းထောက်များကို စကားပြောကြားနေစဉ်။
RFA

လွန်ခဲ့တဲ့လပိုင်းအတွင်း ဖြစ်ပျက်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတမှု အစစ်အမှန်ရှိတဲ့ ရွေးကောက်ပွဲတစ်ခုလို့ မသတ်မှတ်နိုင်ပါဘူး။ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်မှု မရှိတာတွေဟာ ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို ခြိမ်းခြောက်နေပါတယ်။

ခြိမ်းခြောက်မှုပေါင်းများစွာ အပါအဝင် အန်အယ်လ်ဒီ ပါတီရဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာတွေဟာ ဒီမိုကရေစီ ရွေးကောက်ပွဲကျင့်စဉ်နဲ့ သွေဖည်နေပါတယ်။

ဒါပေမယ့် အခြေအနေတွေကို သည်းခံပြီး ပြည်သူလူထု လိုလားတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို CNN, CBS, BBC, RFA စတဲ့ အနောက်တိုင်းသတင်းဌာနတွေ အပါအဝင် ပြည်တွင်း ပြည်ပသတင်းထောက် ၃၀၀ ကျော်နဲ့ သံတမန်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။