တပ်မတော်သားတွေနဲ့ လက်တွဲအလုပ်လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ပြည်သူ့ အကျိုးသယ်ပိုးမယ်ဆိုပြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာသူ ပြည်သူကပေါက်ဖွားလာတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ထဲမှာ ပြည်သူ့ အကျိုးအတွက် အတူတကွ လက်တွဲ အလုပ်လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

2012.03.04

 

ပြည်သူများအတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို လွှတ်တော်ထဲမှာ ပယ်ဖျက်တာနဲ့ ပြဋ္ဌာန်းတာတွေကို ဆောင်ရွက်ဖို့ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ကျော်ဖို့ လိုတဲ့အတွက် ပြည်သူအကျိုးကို လိုလားတဲ့ တပ်မတော် ကိုယ်စားလှယ်တွေကိုပါ စည်းရုံးအလုပ်လုပ်သွားသွားမယ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း စစ်ကိုင်းမြို့မှာ လူထုကို အဲဒီလိုပြောကြားတာဖြစ်တယ်လို့ အတူလိုက်ပါသွားတဲ့ NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ဟာ တည်းခိုရာ မန္တလေးမြို့က Mandalay Hill Resort ဟိုတယ်ကနေ မနက် ၆ နာရီမှာ စတင်ထွက်ခွာလာပြီး မန္တလေး မဟာဝိသုဒ္ဓါရာမ ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီးအား ဝင်ရောက် ဖူးမျှော်ရင်း လှူဖွယ်ပစ္စည်းတွေ ကပ်လှူပါတယ်။ ဆရာတော်က ခုအချိန်ဟာ မေတ္တာ အခါသမယဖြစ်ပြီး မေတ္တာနည်းနဲ့ပဲ မြန်မာနိုင်ငံ ငြိမ်းချမ်းသာယာအောင် ကြိုးပမ်းသွားရမယ်လို့ သြဝါဒ မိန့်ကြားပါတယ်။

 

အဲဒီနောက် အမရပူရမြို့ကို ခရီးဆက်ခဲ့ပြီး အမရပူရ မဟာဂန္ဓာရုံ ဆရာတော်ကို ဝင်ရောက်ဖူးမျှော်ခဲ့ပါတယ်။ လှူဖွယ် ပစ္စည်းဆက်ကပ်ပြီး စစ်ကိုင်းကို ခရီးဆက်တဲ့အခါ မန္တလေးဘက်ခြမ်း စစ်ကိုင်းတံတားထိပ်ကို မနက် ၁၀ နာရီ ၄၅ မိနစ်မှာရောက်ရှိပြီး ဟောပြောပွဲ စင်မြင့်ကနေ လူထုကို မွန်းတည့် ၁၂ နာရီကစလို့ ၂၅ မိနစ်လောက် မိန့်ခွန်းပြောပါတယ်။

 

စစ်ကိုင်းမှာ လူထုနဲ့တွေ့ဆုံပြီး မန္တလေးကို ပြန်တဲ့အခါ မန္တလေးက အကြီးဆုံးဈေးကြီးဖြစ်တဲ့ ဈေးချိုမှာ ဈေးချိုသူဈေးချိုသားတွေက သောင်းသောင်းဖျဖျ ကြိုဆိုတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။ ဒီနေ့မှာလည်း မနေ့က လိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယာဉ်တန်းသွားရာ လမ်းတလျှောက် လူထုကလှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။

 

ခရီးပန်းပြီး မနေ့က နေမကောင်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ စစ်ကိုင်းခရီးမှာ ကျန်းကျန်းမာမာရှိပြီး မနက်ဖြန်မှာ တံတားဦး။ နွားထိုးကြီး၊ မိထ္ထီလာနဲ့ နေပြည်တော်ကို ခရီးဆက်ပါမယ်။

 

NLD နာယက အဖွဲ့ဝင် ဦးဝင်းတင်နဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်တို့ကတော့ စစ်ကိုင်းတိုင်း ပုလဲမြို့ကို သွားရောက်မယ်လို့သိရပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-04 13:33

That's true, we really need re-united with arm forced, they are our citizen too, it's only ahead is bad so that they got bad name as well, i think they know also. Anyhow in this time we need to be re-united and let us build the our country to be developed country, we all know that we are late than other nation (our neightbour countries ). You know what they said, NO MATTER WHO IS RIGHT BUT WHAT IS RIGHT. Have a nice day you all. Good luck to our country.