ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့အစီအစဉ်ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်မယ့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့အတူ နယ်စပ်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်မယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းတွေက လာတဲ့သတင်းတွေအရ သိရပါတယ်။

2012.05.25
mae_la_refugees_305_z.jpg ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒုက္ခသည် စခန်းကို သွားရောက်မယ့် အစီအစဉ်ဟာ ထိုင်းအစိုးရဘက်က စီစဉ်တာ ဖြစ်တဲ့အတွက် ဒီသတင်းကို အတည်ပြု ပြောဆိုနိုင်ခြင်း မရှိဘူးလို့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဟန်သာမြင့်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီးတဲ့ နောက်ပိုင်း ပထမဆုံးသော နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။

အခုနောက်ဆုံးရရှိတဲ့ သတင်းအရ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မြို့က ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၂၈ ရက်နေ့ တက်ရောက်ဖို့ အစောပိုင်းမှာ စီစဉ်ထားခဲ့ပေမဲ့ မေလ ၂၉ ရက်နေ့မှာ ရန်ကုန်မြို့မှာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ တွေ့ဆုံဖို့ ရှိတာကြောင့် ကမ္ဘာ့စီးပွားရေး ညီလာခံကို မေလ ၂၈ ရက်နေ့ တက်ရောက်နိုင်မှာ မဟုတ်ဘဲ တခြားတရက်ရက်မှာ တက်ရောက်ဖို့ စီစဉ်နေကြောင်း NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းက RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။