ဒေါ်အောင်ဆန်းစုကြည် သိန္နီမှာ ပင်လုံစိတ်ဓာတ်ဟောပြော

ရှမ်းပြည်မြောက်ပိုင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ သိန္နီမြို့ကို သွားရောက်ခဲ့ပြီး ကမ္ဘောဇ ကျောင်းဆိုင်ဘုန်းတော်ကြီးကျောင်းက သံဃာတော်တွေကို သွားရောက်ဖူးမျှော်ပြီး ဒေသခံပြည်သူတွေကို ပင်လုံစိတ်ဓါတ်အကြောင်း ဟောပြောခဲ့တယ်လို့ သိရပါတယ်။

2012.03.18
assk-theinni-305 ၂၀၁၂ ခုနှစ် မတ်လ ၁၇ ရက်နဲ့ ၁၈ နေ့တွေက လားရှိုး၊ သိန္နီမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီး သွားရောက်စဉ် ဟောပြောပွဲတခုမှာ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းမြင့်မောင်နဲ့အတူ တွေ့ရစဉ်။
National League for Democracy (NLD)


ပရိသတ်(၁)သောင်းဝန်းကျင် တက်ရောက်တဲ့ ဒီဟောပြောပွဲမှာ ပင်လုံစာချုပ်နဲ့ ပတ်သက်လာရင် သိန္နီမြို့ဟာ အလွန်အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က RFAကို ပြောပါတယ်။


"ကျောင်းဆိုင်ကျောင်းဆိုတာ ဘုန်းကြီးကျောင်းကြီးပါပဲ။ အဲဒီမှာ ကျောင်းထိုင်ဆရာတော်နဲ့ သံဃာ့နာယကဆရာတော်တွေကို သွားရောက်ကန်တော့ပါတယ်။ အဲဒီက အထွက်မှာ လူပရိသတ်ကတောင်းဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်က ၁၅ မိနစ်လောက် စကားပြောပါတယ်။ အဓိကပြောတာကတော့ သိန္နီရဲ့ အရေးပါပုံပေါ့။ ပင်လုံစာချုပ်ကို စလက်မှတ်ထိုးတဲ့အချိန်မှာ သိန္နီစော်ဘွားကြီးက တက်တက်ကြွကြွပါခဲ့ပါတယ်။ ပြည်ထောင်စုကို အရင်းတည်ခဲ့တာ သိန္နီကစတယ်ပေါ့။ ပြည်ထောင်စုတိုင်းပြည်တခုကို ထူထောင်တဲ့ အခါ ပြည်ထောင်စု စိတ်ဓာတ်အရေးကြီးပုံကို ရှင်းပြပါတယ်။ "


သိန္နီမြို့မှာဟောပြောအပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ လားရှိုးမြို့ကို ပြန်လည်ရောက်ရှိလာပြီး ညနေပိုင်းမှာ လေယာဉ်နဲ့ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါခဲ့ပါတယ်။


ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊ ကွမ်လုံ၊ မိုင်းရယ်၊ တန့်ရန်း စတဲ့(၅)မြို့နယ်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တနေရာ လစ်လပ်နေတာကြောင့် NLDပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဦးစိုင်းမြင့်မောင်က အဲဒီ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-19 14:11

သားစိုးနဲ့ ဖိုးချစ်ကိုမြင်ယောင်မိတယ်
ကိုကြီးအောင်ပေါ့