ဒေါ်အောင်ဆန်းစုကြည်ကို ဝင်စတန်ချာချီဆု ချီးမြှင့်
2012.07.11
AFP
မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲ ဆောင်ရွက်ရာမှာ ထူးချွန်တဲ့အတွက် အခုလို ဆုချီးမြှင့်ခံရတာ ဖြစ်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
"မနေ့က ညက နေပြည်တော်မှာရှိတဲ့ ဟိုတယ် အမရာမှာ ဗြိတိန်နိုင်ငံက ရောက်ရှိနေတဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဲဒီအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဝင်စတန် ချာချီဆုကို ချီးမြှင့်ပါတယ်ခင်ဗျ"
ဒီအတောတွင်း မြန်မာနိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ ကနေဒါ လွှွတ်တော်အမတ်များ အသင်းကလည်း NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့ညက နေပြည်တော်မှာ လာရောက် တွေ့ဆုံပြီး လွှတ်တော်တွင်း အတွေ့အကြုံတွေကို ဖလှယ်ကြသလို NLD ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တွင်း ရုံးလုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေကို ကူညီ သွားမယ်လို့ ကတိပြုကြောင်း သိရပါတယ်။