ဒီမိုကရေစီအပေါ် သဘောထား ဒေါ်အောင်ဆန်းစုကြည် ဖွင့်ဆို
2011.08.08

(Photo: AFP)
ကျမတို့ ဒီမိုကရေစီကို စနစ်တခုလို့ မြင်ပါတယ်။ ဒီစနစ်နဲ့သာ ကျမတို့ တိုင်းပြည်မှာရှိတဲ့ ပြဿနာ တွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်မှာ ဖြစ်တာကြောင့် ဒီမိုကရေစီ စနစ်ကို ကျမတို့ မြန်မာပြည်သူတွေ အားလုံး လိုလားကြတာပါ။ ဒါပေမယ့်
ရှစ်လေးလုံး လူထု လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေ အားလုံးဟာ ဒီမိုကရေစီ ဆိုတာ ရာနှုန်းပြည့် ကောင်းမွန်နေတယ်လို့တော့ လက်ခံမထားပါဘူး လို့ပြောသွားတာပါ။
နယူးဇီးလန်နိုင်ငံမှာ ၁၁ ကြိမ်မြောက် ကျင်းပတဲ့ ရှစ်လေးလုံး အခမ်းအနားကို နယူးဇီးလန် နိုင်ငံရေးပါတီတွေ၊ လူမှုရေး အဖွဲ့တွေ အားလုံး စုံစုံညီညီ တက်ရောက်ကြတယ်လို့ အခမ်းအနား ဦးဆောင်စီစဉ် ကျင်းပသူ တဦးဖြစ်တဲ့ ကိုစိုးသိန်းက ပြောပါတယ်။
၂၀၀၀ ခုနှစ် နယူးဇီးလန်နိုင်ငံမှာ ဒုက္ခသည် အဖြစ် စတင်အခြေချ နေထိုင်ခွင့်ရခဲ့တဲ့ မြန်မာ့အရေး လှုပ်ရှားနေသူတွေက ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
နယူးဇီးလန်နိုင်ငံမှာ ကျင်းပတဲ့ ၂၃ နှစ်မြောက် ရှစ်လေးလုံး အထိမ်းအမှတ် အခမ်းအနားကို ပေးပို့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ဗီဒီယို မိန့်ခွန်း ကို မအင်ကြင်းနိုင် က တင်ပြမှာ ဖြစ်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |