ပန်လုံရွာထဲ ပစ်ခတ်မှုတွေ ရှိနေဆဲ


2018.09.03
nanmatu-refugees-622 နမ္မတူမြို့နယ်က စစ်ပွဲတွေကြောင့် လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၈၊ စက်တင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံရွာထဲမှာ မနေ့ညကစပြီး ဒီကနေ့ မနက်အထိ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် သီပေါမြို့ပေါ်ကို ဒုက္ခသည်တွေ ထပ်တိုးရောက်လာတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

သီပေါမြို့ ဘိုးတော်ကျောင်းမှာ ဒီကနေ့ဆိုရင် ဒုက္ခသည် ၃၀၀ ကျော်ရှိနေပြီလို့ သီပေါမြို့နယ်စည်းမခြား ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုး က ပြောပါတယ်။

"ပန်လုံဖက်မှာတော့ ဒီမနက်ပိုင်း လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရတယ်၊ ရွာထဲမှာတော့ သိပ်မရှိ တော့ဘူးဗျ၊ တော်တော်များများ ထွက်လာကြပြီ၊ တချို့က သီပေါ ဘိုးတော်ကျောင်းပေါ့နော် ၃၀၀ ကျော်လောက် ရောက်နေကြပြီ၊ တချို့ကလည်း ဆိုင်ကယ်နဲ့ နီးစပ်ရာတွေ သွားနေကြတာပေါ့"

ထွက်ပြေးလာသူတွေက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံသူတွေရှိသလို တချို့ကလည်း နီးစပ်ရာတွေမှာ ခိုလှုံ နေကြတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁ရက်နေ့က ပစ်ခတ်မှုတွေကြောင့် ပန်လုံရွာထဲက အသက် ၅၄ နှစ်အရွယ် ရွာသားတစ်ဦးနဲ့ အသက် ၂၅ အရွယ် ရွာသားတစ်ဦး သေနတ်ကျည် ထိမှန်ခဲ့ပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်နေတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။