ဦးအောင်ဆန်းဦး တရားရုံးကို မထီမဲ့မြင် ပြောကြားမှု လက်ခံသင့်မသင့် ကြားနာမည်

ဦးအောင်ဆန်းဦးနဲ့ မော်နီတာ သတင်း ဂျာနယ် တာဝန်ရှိသူ ၂ ဦး အပေါ် ဒေါ်အောင်ဆန်းစုကြည်က စွဲဆိုထားတဲ့ အမှုကို လက်ခံသင့် မခံသင့် လာမယ့် သီတင်းပတ်အတွင်း တရားရုံးမှာ စတင်ကြားနာမယ် လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

2011.10.16
assk-house305.jpg ရန်ကုန်မြို့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ဖြစ်ပါသည်။
AFP

“ဒေါ်အောင်ဆန်းစုကြည်က မော်နီတာသတင်းဂျာနယ်မှာ ဦးအောင်ဆန်းဦး ပြောတဲ့သတင်းနဲ့ ပတ်သက်ပြီး တရားရုံး မထီမဲ့မြင်မှု သြဂုတ်လတုန်းက ကျနော်တို့ တင်ထားတယ်။ အဲဒီအမှုကို လာမယ့် ၂၇ ရက်နေ့မှာ လက်ခံရေး မခံရေး ကြားနာမယ်တဲ့။ အခု အမှုစာရင်း ပေါ်တာပေါ့လေ”

ဦးအောင်ဆန်းဦးဟာ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖြစ်ပွားနေတဲ့ နေအိမ် အမွေပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ မော်နီတာ သတင်းဂျာနယ်ကို ပြောကြားချက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

တရားသူကြီးက အပြီးသတ် ဆုံးဖြတ်ချက် မချမှတ်ခင်မှာ ဦးအောင်ဆန်းဦးက- သူ့အနေနဲ့ အဓိက ငြင်းချက် အတော်များများကို မိမိ အနိုင်ရရှိထားပြီ ဖြစ်ကြောင်း မိမိ လိုရာဆွဲပြီး တဘက်သတ် ပြောဆိုခဲ့တာတွေဟာ တရားရုံးကို မထီမဲ့မြင် ပြုရာကျတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ဆန်းဦးနဲ့တကွ မော်နီတာ သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ထုတ်ဝေသူ ဦးလှမြင့်ဆွေ တို့ကို သြဂုတ်လ ၈ ရက်နေ့က ရန်ကုန် တိုင်းဒေသကြီး တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-22 03:14

U Myat Khaing
Why you make problems everytime?
We understand you want to make people interest for your journel.
But please stop your problem ways.
(Sorry for my poor english and I have no myanmar font)