ကယန်းအလှ ရုပ်ရှင်ကား အာဆီယံဆု ရရှိ
2013.04.06

လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ မြန်မာနိုင်ငံမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ကယန်း တိုင်းရင်းသားလူမျိူးနဲ့ ယဉ်ကျေးမှုအကြောင်းတွေကို ရိုက်ကူးထားတဲ့ ကယန်းအလှ Kayan Beauties ဆိုတဲ့ ရုပ်ရှင်ဇတ်ကားဟာ မတ်လ ၂၈ နဲ့ ၃၁ ရက်နေ့ မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့ပါတယ်။
အဲဒီရုပ်ရှင်ပွဲတော်မှာ အကဲဖြတ်ဒိုင်လူကြီးတွေပေးအပ်တဲ့ Best of Jury Award ဆုကို ဇာတ်ကား ရိုက်ကူးတင်ပြခဲ့တဲ့ ဒါရိုက်တာ အောင်ကိုလတ် ဆုရရှိခဲ့တာပါ။ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်က ပေးအပ်တဲ့ဆုကို ပထမဆုံးရရှိခဲ့တဲ့ မြန်မာနိုင်ငံက ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။
ဒါရိုက်တာ အောင်ကိုလတ်နဲ့ တွေ့ဆုံမေးမြန်းခန်းကို RFA ရုပ်မြင်သံကြားအစီအစဉ်က ဧပြီလ ၈ ရက်နေ့ အစီအစဉ်မှာ ထုတ်လွှင့်ပေးပါမယ်။
ဆုရရှိခဲ့တဲ့ ဒါရိုက်တာ အောင်ကိုလတ်ကို သူ့ရဲ့ရန်ကုန်က ရုံးခန်းမှာ RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။