ကချင် နိုင်ပြီ


2016.03.18
aunglaannsan-620.jpg မြန်မာ့စပါးကြီးမြွေလို့ နာမည်ကြီးတဲ့ ကချင်တိုင်းရင်းသား အမေရိကန်နိုင်ငံသား အောင်လအန်ဆန်းကို မတ်လ ၁၈ ရက်နေ့ညက ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ တွေ့ရစဉ်
.

ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ မနေ့ညနေက ကျင်းပခဲ့တဲ့ MMA ဘက်စုံကိုယ်ခံပညာပြိုင်ပွဲမှာ မြန်မာ့ စပါးကြီးမြွေလို့ နာမည်ကြီးတဲ့ ကချင်တိုင်းရင်းသား အမေရိကန်နိုင်ငံသား အောင်လအန်ဆန်းက အီဂျစ် ကိုယ်ခံအားကစားသမား မိုဟာမက်အလီကို တချီတည်းနဲ့ ပွဲသိမ်းအနိုင်ရလိုက်ပါတယ်။

ပွဲစပြီး မကြာခင်မှာပဲ မိုဟာမက်အလီ တချက်မှားသွားခဲ့ပါတယ်။ အောင်လအန်ဆန်းက ပြိုင်ဘက် သူ့ကို ၂ မိနစ် နဲ့ ၃၈ စက္ကန့်မှာ ကြမ်းပေါ်လဲှပြီး လှုပ်မရအောင် ထိန်းချုပ်အနိုင်ရလိုက်တာပါ။ အတွေ့အကြုံနဲ့ ပညာပြည့်ဝပြီးသားဖြစ် တဲ့ အောင်လအန်ဆန်းက  ပြိုင်ဘက်ရဲ့ဟာကွက်ကို ကြုံတွေ့တာနဲ့ အခွင့်ရေးကို အမိအရယူပြီး အနိုင်ရသွားတာဖြစ် တယ်လို့ ဝေဖန်သူတွေကပြောပါတယ်။

အဲ့ဒီပွဲကို မြန်မာပရိသတ်တွေ အကြီးအကျယ်အားပေးခဲ့ကြပါတယ်။ ပွဲပြီးချိန်မှာ ဒီအောင်ပွဲဟာ မိမိရဲ့အောင်ပွဲ မဟုတ်ပဲ မြန်မာတွေရဲ့အောင်ပွဲဖြစ်ပါတယ်လို့ အောင်လအန်ဆန်းက ပရိသတ်ကို ပြောလိုက်ပါတယ်။ သူဟာ အသက် ၁၈ နှစ်သားအရွယ်မှာ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အခု အသက် ၃ဝ ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။