ဗိုလ်ချုပ်ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဖြစ်ပြီ


2014.02.13
ashin-sandar-deka-305.jpg ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အလှူအဖြစ် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ က ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကကို ဆွမ်းကပ်လှူနေစဉ်
photo: RFA/ Myo Zaw Ko

“အောင်ဆန်း” လို့ အမည်ပေးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရိုက်ကူးဖို့ ဒေါ်အောင်ဆန်း စုကြည်က တာဝန်ပေးအပ်ထားတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အလှူအဖြစ် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ က ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကကို ရန်ကုန်မြို့က ဆရာတော် သတင်းသုံးတဲ့ကျောင်း မှာ နေ့ဆွမ်းကပ်လှူစဉ် ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောခဲ့တာပါ။

“ဇန်နဝါရီ ၃ ရက်နေ့ကတော့ ဒေါ်အောင်ဆန်း စုကြည်က ကိုယ်တို့ လူရွေးတယ်ပေ့ါလေ၊ ဒါကတော့ သူရွေးချယ်တာပေါ့နော်၊ ရွေး တယ်ဆိုတာလည်း အမေစု တာဝန်ပေး တာပေ့ါလေ၊ ကျနော့်ကို ဒီဟာကို ဒါဟာကို ဒါရိုက်တာအနေနဲ့ တာဝန်ယူဖို့ ဒါရိုက်တာ အိအိခိုင်ကို ပရိုဂျူဆာအနေနဲ့ တာဝန်ယူဖို့ ကိုမော်လင်းကို ဇတ်ညွှန်းနဲ့ပတ်သက်ပြီးတော့ သမိုင်းအချက်အလက်ဆိုင်ရာ အကြံပေးပေါ့လေ တာဝန်ယူဖို့ တာဝန်ပေးတာပေါ့”

လာမယ့်၂၀၁၅ ဗိုလ်ချုပ်မွေးနေ့ နှစ် ၁၀၀ ပြည့်မှာ ဇာတ်ကားအပြီး ရိုက်ကူးပြီး ရုံတင်ပြသနိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အခုတော့ ၂၀၁၅ လောက်မှ စတင်ရိုက်ကူးနိုင်တော့မယ်လို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော် ကုန်ကျမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။