အောင်သပြေကျေးရွာသားတွေ ရန်ကုန်မြို့မှာ ဆန္ဒပြ
2018.10.09

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး တရုတ်နည်းပညာနဲ့ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ ၂၀ နီးပါးက ဒီနေ့ ရန်ကုန်မြို့မှာ ဆန္ဒပြကြပါတယ်။
မန္တလေးတိုင်းအစိုးရက ပြည်သူ့ဘက်က မရပ်တည်ပေးလို့ ရန်ကုန်မှာ လာရောက်ဆန္ဒပြတာလို့ အောင်သပြေရွာသူ မခင်နွဲ့ကြည်က ပြောပါတယ်။
ဆန္ဒပြတဲ့ ဒေသခံ၂၀နီးပါဟာ ပုသိမ်ကြီးမြို့နယ် မှာ ငြိမ်းစုစီဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံထားရပြီး လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။
အောက်တိုဘာလ၅ရက်နေ့ကလည်း အဲဒီစီမံကိန်းကို ကန့်ကွက်တဲ့ ရွာသားတွေနဲ့ ရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရွာသားအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။