ဦးကိုနီ အမှုမှာ အောင်ဝင်းဇော် ကို စစ်ဆေး


2018.08.02
aungwinzaw-622.jpg ရှေ့နေ ဦးကိုနီ လုပ်ကြံတဲ့အမှုအတွက် အောင်ဝင်းဇော် ကို ရုံးထုတ်ခဲ့စဉ်
Photo: RFA

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့ အမှုနဲ့ပတ်သက်ပြီး တရားခံ အောင်ဝင်းဇော်ကို ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ဒီနေ့ စစ်ဆေးခဲ့ပါတယ်။

တရားလိုဘက်က စွပ်စွဲချက်တွေကို အပြန်အလှန်စစ်မေးခဲ့တယ်လို့ တရားခံတွေဘက်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောပါတယ်။

"တရားလိုဟာ အမှုအမိန့် နောက်ဆုံးအပြီးသတ်အမိန့်မချခင် တစိုက်မတ်မတ် သက်သေပြရန် တာဝန်ရှိတယ်၊ ဒီနေ့ သူတော်တော်များများ စွပ်စွဲသွားတယ်၊ ဥပမာ ခင်ဗျားကို ငွေသိန်း ၁၀၀၀ ပေးတယ်တို့၊ ခင်ဗျား ဟိုပုစွန်တောင်ချောင်းထဲမှာ ပစ်ချခဲ့တယ်တို့၊ ဒါတရားလိုဘက်ကနေပြီးတော့ မေးမြန်းတဲ့ အပြန်အလှန်မေးခွန်းတွေအရ ကျနော်တို့ကပြောတာ၊ အဲလိုမေးခဲ့တဲ့အရာတွေအပေါ်မှာ သက်သေပြရန်တာဝန်က သူတို့ဆီမှာရှိတယ်၊ တခါတည်း ကျနော်အပြီးသတ်ပြောတယ်နော်၊ စစ်ဆေးချက်ကို ကျနော်တို့ ထင်မြင်ချက် သုံးသပ်ချက်ပြောတာမဟုတ်ဘူး၊ စစ်ဆေးတဲ့အကြောင်းအရာကို Yes or No ပြောပြတာ"

ဦးကိုနီကို လုပ်ကြံမှုနဲ့ ပတ်သက်ပြီး ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။

ရှေ့နေ ဦးကိုနီဟာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ အနီးကပ် လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအမှုကို စစ်ဆေးနေတာ အခုဆိုရင် အချိန် တနှစ်ကျော် ကြာမြင့်နေ ပြီဖြစ်ပါတယ်။

လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာလည်း အောင်ဝင်းဇော်ကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။