သြစတြေးလျ အစိုးရက နောက်ထပ် ဒေါ်လာငွေ ၃ သန်းကျော် ကူညီမည်


2013.07.10
malay-to-myanmar-ep.jpg malay-to-myanmar-ep.jpg
Photo: RFA

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် သြစတြေးလျ အစိုးရက လူသားချင်းစာနာမှုအဖြစ် နောက်ထပ် သြစတြေးလျ ဒေါ်လာငွေ ၃ သန်း ၂ သိန်းအကူအညီပေးမယ်လို့ ကြေညာလိုက်ပါတယ်။

အခုလိုထပ်မံလှူဒါန်းတဲ့ငွေကြောင့် ရခိုင်ပြည်နယ် ဒုက္ခသည်တွေအတွက် သြစတြေးလျက လှူဒါန်းငွေစုစုပေါင်း ဒေါ်လာ ၉ သန်းရှိသွားပြီဖြစ်ပါတယ်။

အခုအလှူငွေဟာ ဒုက္ခသည်တွေ ရေသန့်ရရှိရေးနဲ့ အညစ်အကြေးစွန့်ပစ်မှု အစီအစဉ်တွေ ပိုမိုကောင်းမွန်ရေးအတွက် သုံးစွဲဖို့ဖြစ်ပါတယ်လို့ မြန်မာပြည်ကို ရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ကားကပြောပါတယ်။

ဒုက္ခသည်တွေ အထူးသဖြင့် အမျုးိသမီးနဲ့ ကလေးတွေရဲ့ ဘဝလုံခြုံမှု ရရှိရေးကို  မိမိတို့က ကူညီမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို မနေ့က သွားရောက်တွေ့ဆုံပြီးနောက်မှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက အခုလို မြန်မာနိုင်ငံကို အလှူုငွေ ထပ်မံတိုးမြှင့်ပေးအပ်မယ့်အကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ ဝန်ကြီး ဦးစိုးသိန်း တို့ကိုလည်း မနေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။