မြန်မာနဲ့ ကမ္ဘောဒီးယားက လူ့အခွင့်အရေး စိုးရိမ်ကြောင်း သြစတြေးလျ ပြောမည်


2018.03.16
dassk-asean-622.jpg အာဆီယံ အထူးထိပ်သီးအစည်းအဝေး တက်ရောက်ဖို့အတွက် သြစတြေးလျနိုင်ငံကို ၂ဝ၁၈ ခုနှစ် မတ်လ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်လေဆိပ်က ထွက်ခွါစဉ်
Photo: Myanmar State Counsellor Office

သြစတြေးလျနိုင်ငံမှာ ၃ ရက်ကြာလက်ခံကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံအတွင်း မြန်မာနဲ့ ကမ္ဘောဒီးယားက လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်စရာတွေကို ဦးစားပေးပြောဆိုမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီ ဘစ်ရှော့ပ် က ဆစ်ဒနီမြို့မှာ ဒီနေ့ ပြောလိုက်ပါတယ်။

ကမ္ဘာ့အရှေ့ခြမ်းမှာ တရုတ်က သြဇာလွှမ်းမိုးလာနေတဲ့အခုကာလမှာ သြစတြေးလျကလည်း အာရှနိုင်ငံတွေနဲ့ နိုင်ငံရေး၊ ကုန်သွယ်ရေးတွေပိုပြီး နီးနီးကပ်ကပ်ဆောင်ရွက်ချင်တဲ့အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံမဟုတ်ပေမယ့် အာဆီယံ ၁၀ နိုင်ငံထိပ်သီးညီလာခံကို သူ့နိုင်ငံမှာ ဖိတ်ခေါ်ကျင်းပတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုဆောင်ရွက်တာဟာ တရုတ်ရဲ့ အကျိုးစီးပွားဒေသတွင်းကြီးထွားလာတာကို တိုက်ရိုက်တုံ့ပြန်တာလား လို့ သြစတြေးလျရေဒီယိုက မေးတဲ့အခါ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့ က သူတို့အနေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် ဆောင်ရွက်တာလို့ ယုံကြည်ထားတဲ့အကြောင်း ပြောပါတယ်။

ဒီညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ တက်ရောက်မှာဖြစ်လို့၊ သူတို့ကို ဆန္ဒပြမယ့်အဖွဲ့တွေကလည်း အကြီးအကျယ်ပြင်ဆင်နေကြပါတယ်။

သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘူးလ်ဟာလဲ ရိုဟင်ဂျာကိစ္စအတွက် မြန်မာကို ပြစ်တင်ဝေဖန်ဖို့ ဖိအားပေးခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။