အာဏာပိုင်တွေ ကိုယ်တိုင် ဥပဒေတွေ လိုက်နာဖို့
2011.12.05

(Photo Courtesy of RNDP)
အထူးသဖြင့် ရခိုင်ပြည်နယ်က ထုတ်ပယ်ခံရတဲ့ လွှတ်တော်အမတ် တစ်ဦးရဲ့ အယူခံနဲ့ ပတ်သက်လို့ လာမယ့် ဒီဇင်ဘာ ၉ ရက် တရားလွှတ်တော်ချုပ်ရဲ့ အဆုံးအဖြတ်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ ဆိုတာ ပထမဆုံး အကြိမ် တရားဝင် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းလောက်က တိုင်းရင်းသား ရေးရာ ဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်ဟာ နိုင်ငံရဲ့ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ကွဲလွဲနေတာမို့ ပြင်ဆင် ပြဋ္ဌာန်းပေးဖို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးရဲ့ လျှောက်ထား တင်ပြချက်ကို နေပြည်တော် အခြေခံ ဥပဒေ ခုံရုံးက ကြားနာ စစ်ဆေးခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အတိုင်း တရားရုံးချုပ် ကိုယ်တိုင် လိုက်နာဖို့ တိုင်းရင်းသား လွှတ်တော်အမတ်တွေ အခြေခံဥပဒေ ခုံရုံးမှာ လျှောက်ထားတဲ့ အကြောင်း မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |