ကြံခင်းမှာ လွှတ်တော်နေရာအားလုံး NLD အနိုင်ရ
2020.11.09

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်အတွက် ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဧရာဝတီတိုင်းတာဝန်ခံတွေက သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားလွှတ်တော်နေရာအတွက်ကိုတော့ ကျန်တဲ့မြို့နယ်တွေနဲ့ မဲစာရင်းပေါင်းရဦးမှာမို့ အတည်မပြု ပေးနိုင်သေးဘူးလို့ တိုင်းရွေးကောက်ပွဲ ကော်မရှင်တာဝန်ခံ ဦးသန်းအောင်ကပြောပါတယ်။
ကြံခင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ပြည်သူ့လွှတ်တော် နေရာအတွက် ဒေါက်တာဦးထွန်းလင်းမော်၊ တိုင်းလွှတ်တော် (၁)အတွက် ဒေါ်အိသူဇာလွင်နဲ့ တိုင်းလွှတ်တော် (၂) အတွက် ဦးစိုးမြင့်တို့ အနိုင်ရသွားတာပါ။
ဧရာဝတီတိုင်းမှာ မြို့နယ် ၂၆ မြို့နယ်ရှိတဲ့အနက် ကြံခင်းတမြို့နယ်ထဲကိုပဲ တိုင်းရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသုတွေက တရားဝင် အတည်ပြုပေးထားတာ ဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)