ဧရာဝတီက နိုင်ငံရေးအင်အားစုတွေ စုပေါင်း တဲ့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းရေး ဆွေးနွေး


2017.03.06

ဧရာဝတီတိုင်းဒေသကြီးက နိုင်ငံရေးအင်အားစုတွေ စုပေါင်းပြီး နိုင်ငံရေးပါတီတစ်ရပ်ပေါ်ထွန်းလာရေး တွေ့ ဆုံဆွေးနွေးပွဲကို ဟသာၤတမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

အတိုက်အခံပါတီဆိုတာထက် ပြည်သူက ရွေးကောက်တင်မြှောက်တဲ့အစိုးရကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်တဲ့ ပါတီတစ်ခုပေါ်ပေါက်လာဖို့ ရည်ရွယ်တယ်လို့ ဒီနေ့ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပတဲ့ ကိုအောင်အောင်ကျော် က ပြောပါတယ်။

" အာဏာရှင်အဆက်ဆက်ကို တော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုတွေ စုဖွဲ့ထားတဲ့ ပါတီ တစ် ခုဖြစ်ပေါ်လာဖို့ရည်ရွယ်တယ်။ အတိုက်အခံ ပါတီ ဆိုတာမျိုးထက် ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ အစိုးရကို ပူးပေါင်းဆောင်ရွက်ပြီးတော့ ပြည်သူကလက်မခံတဲ့ဟာတွေ သဘောမတူတာတွေကို ဝေဖန် အကြံပြုထောက်ပြပြီး ပူးပေါင်းဆောင်ရွက်မယ့် ပါတီတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ပါတယ်။"

ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၁၄ ခုက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ စိတ်ပါဝင်စားသူတွေ နဲ့ ၈၈ မတိုင်ခင်ကစပြီး တော်လှန်ရေး အဆက်ဆက်မှာပါဝင်ခဲ့သူတွေ တက်ရောက်ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကနေ စာတမ်းတစ်ခု ပြုစုသွားမှာဖြစ်ပြီး လာမယ့် မတ်လ ၃၀ ရက်နေ့မှာ ရန်ကုန်မြို့က ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှာ ကျင်းပမယ့် နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ မှာ တင်ပြသွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။