ဗေဒါသင်တန်းကျောင်း အစ္စရေး သံအမတ်ကြီး ကြည့်ရှု
2011.08.04

Youth Network
အဲဒီဆွေးနွေးပွဲမှာ အစ္စရေးနိုင်ငံက မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေနဲ့ ပတ်သက်လို့ သံအမတ်ကြီးက ရှင်းပြသလို ဗေဒါကျောင်းရဲ့ လုပ်ငန်းဆောင်တာ တွေကိုလည်း ပြန်လည်မေးမြန်း တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဗေဒါကျောင်း ကော်မတီအဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုမျိုးရန်နောင်သိမ်းက RFA ကို အခုလို ပြောပါတယ်။
“ဆွေးနွေးတဲ့ ကိစ္စထဲမှာ သူတို့ အစ္စရေးနိုင်ငံကို မြန်မာနိုင်ငံကနေ ပညာတော်သင်လွှတ်တဲ့ ကိစ္စတွေ ဆွေးနွေးတယ်။ ကျနော်တို့ ကတော့ ပညာရေးဆိုင်ရာ နည်းပညာတွေ ဘယ်လို ပံ့ပိုးနိုင်မလဲ အဲဒါတွေ ဆွေးနွေးတယ်။ ကျနော်တို့ ရည်ရွယ်ချက်တွေကို မေးတယ်။ နောက်ပိုင်းမှာ အသေးစိတ် ထပ်ဆွေးနွေးမယ်လို့ ပြောတယ်”
ဒီရက်ပိုင်းမှာ နိုင်ငံတကာက နိုင်ငံရေး စီးပွားရေးဆိုင်ရာ ပညာရှင်တွေ၊ သံတမန်တွေက ဗေဒါကျောင်းကို သွားရောက် လည်ပတ်ပြီး လေ့လာတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီ ဗေဒါကျောင်းကို ၈၈ မျိုးဆက် ကျောင်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကျောင်းသား လူငယ်တွေ ဦးဆောင် လုပ်ကိုင်နေတဲ့ အတွက် ကျောင်းဖွင့်ရာ ဒေသ အာဏာပိုင်တွေရဲ့ ဖိအားပေး နှောင့်ယှက် တာတွေ မကြာခဏ ခံရလေ့ရှိပါတယ်။
ဗေဒါကျောင်းမှာ လူငယ်တွေ နိုင်ငံရေး စီးပွားရေး အသိပညာ တိုးပွားရေး သင်တန်းတွေ ဆောင်ရွက်ပေး နေပါတယ်။