ပဲခူးက ရာအိမ်မှူးတစ်ယောက် PDF အဖွဲ့က သေနတ်နဲ့အပစ်ခံရလို့ သေဆုံး

2021.07.10
ပဲခူးက ရာအိမ်မှူးတစ်ယောက် PDF အဖွဲ့က သေနတ်နဲ့အပစ်ခံရလို့ သေဆုံး ပဲခူးမြို့တွင်းတစ်နေရာကို ၂၀၂၁ ဧပြီ ၁၄ရက်နေ့က တွေ့ရစဉ်
Photo: CJ

ပဲခူးတိုင်း ပဲခူးမြို့ မွန်စံပြရပ်ကွက် ၇ လမ်းက စစ်ကောင်စီခန့်ထားတဲ့ ရာအိမ်မှူးဟာ ဇူလိုင် ၁၀ ရက် ဒီနေ့ မနက်ပိုင်းက သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရပ်ကွက်နေသူ တစ်ယောက်က RFAကို ပြောပါတယ်။

ရာအိမ်မှူး ဦးသောင်းငွေ (ခေါ်) သကြားလုံး အပါအဝင် သုံးယောက်တို့ဟာ ဒီနေ့ မနက်ပိုင်းက လက်ဖက်ရည်ဆိုင်ကိုအသွား ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ တာကြောင့် ဦးသောင်းငွေဟာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်တစ်ယောက်က ပဲခူးဆေးရုံရောက်ပြီးမှ သေဆုံး ခဲ့ကာ နောက်တစ်ယောက်ကလည်း အခြေအနေစိုးရိမ်ရတယ်လို့ အဲဒီရပ်ကွက်နေသူ တစ်ယောက်က ပြောပါတယ်။

ရာအိမ်မှူး ဦးသောင်းငွေဟာ နွေဦးတော်လှန်ရေးမှာ ဆန္ဒပြလူငယ်တွေကို စစ်ကောင်စီထံ တိုင်ကြားခဲ့လို့ အဖမ်းခံရသူတွေ ရှိခဲ့တယ်လို့လည်း ရပ်ကွက်နေသူတွေက ပြောပါတယ်။

ပဲခူးပြည်သူ့ကာကွယ်ရေးတပ် PDFက ဦးသောင်းငွေကို ပစ်ခတ်ချိန်မှာ သူ့အပေါင်းပါ ထွန်းဦးဆိုသူကို ခြောက်လှန့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆေးရုံမှာသေဆုံးတယ်လို့ ဒီနေ့ မနက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။