ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဘန်ကီးမွန်း တိုက်တွန်း
2011.10.12

(Photo: AFP)
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ပြောခွင့်ရ အမျိုးသမီး Soung-ah Choi က -
မြန်မာနိုင်ငံမှာ အစိုးရက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးနေတာကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က အနီးကပ် စောင့်ကြည့်နေပါတယ်။ အခု လွှတ်ထဲအထဲမှာ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ
ပါတယ် ဆိုပေမယ့် အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ဘန်ကီမွန်းက မျှော်လင့်နေပါတယ်။ ဒါမှလည်း သမ္မတ ဦးသိန်းစိန် အနေနဲ့ လူ့အခွင့်အရေး အခြေခံမူတွေကို လေးစားလိုက်နာတယ်ဆိုတာ နိုင်ငံတကာကို လက်တွေ့ပြသနိုင်မှာ ဖြစ်ပါတယ်လို့
ပြောပါတယ်။
နောက်ဆုံးရရှိတဲ့ စာရင်းတွေ အရ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်းတစ်ရာ့ ငါးဆယ်နီးပါး ရှိတယ်လို့ သိရပါတယ်။