ရခိုင်မှာကယ်တင်ထားတဲ့ လှေစီး ဒုက္ခသည်တွေထဲက နောက်ထပ် ၅ ဦးထွက်ပြေး


2015.07.04
boat-refugees-700-620.jpg လှေစီးဒုက္ခသည် ၃ဝဝ ရာကျော်ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ တွေ့ရစဉ်
Photo: Khin Maung Soe/RFA

ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့မှာ ကယ်တင်ထားတဲ့ လှေစီးဒုက္ခသည်တွေထဲက နောက်ထပ် ၅ ဦးဟာ မနေ့က မနက်အစောပိုင်းက ယာယီကယ်ဆယ်ရေးစခန်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။

မနေ့က မနက် ၄ နာရီအချိန် လူဦးရေစစ်ဆေးစဉ်မှာ လူ ၅ ဦးလျော့နေတဲ့အတွက် ထွက်ပြေးသွားခဲ့တယ် ဆိုတာကိုသိရတာဖြစ်ပြီး တဘက်ဘင်္ဂလားဒေ့ရ်ှ နိုင်ငံပိုင်နက်ထဲ ထွက်ပြေးသွားတယ်လို့ ယူဆရကြောင်း နယ်စပ်လုံခြုံရေးအရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ဖျာမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ လှေစီးဒုက္ခသည် ၇ဝဝ ကျော်ထဲက ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၅၅ဝ ကျော်ကို  ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲမှာ ကယ်ဆယ်ထားတာပါ။

အဲ့ဒီအထဲက ပြီးခဲ့တဲ့လက လူ ၁ဝ ဦး ထွက်ပြေးသွားခဲ့ပြီး အခု ၅ ဦးနဲ့ဆိုရင် ထွက်ပြေးသွားသူပေါင်း ၁၅ ဦး ရှိပြီဖြစ်ပါတယ်။

အဲ့ဒီလူ ၅၅ဝ ကျော်ကို တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ပြန်လည်ပို့ဆောင်နိုင်ဖို့အတွက် တောင်ပြိုလက်ဝဲမြို့မှာ ကယ်တင်ထားတာဖြစ်ပြီး ဘင်္ဂလားဒေ့ရ်ှ အစိုးရဘက်ကတော့ ပြန်လည်လက်ခံဖို့ အကြောင်းပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။