လက်ကျန် ဘင်္ဂလားဒေ့ရှ် ၁၀၅ ဦး တနင်္လာနေ့ ပြန်ပို့မည်


2015.10.06
bangladesh-boat-refugees-620.jpg ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား လှေစီးဒုက္ခသည် ၁၂၅ ယောက်ကို သြဂုတ်လ ၂၅ ရက်နေ့က နယ်စပ်မှာရှိတဲ့ ချစ်ကြည်ရေးတံတားကနေ တရားဝင်လွှဲပြောင်းပေးခဲ့စဉ်
Photo: MOI

ရခိုင်ပြည်နယ် အနောက်ပိုင်း ဒုက္ခသည်စခန်းတစ်ခုမှာ ကျန်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးထွက်ခွာသူတွေ ကို မူလနိုင်ငံပြန်ပို့ဖို့ မြန်မာအာဏာပိုင်တွေ စီစဉ်နေပါတယ်။

တောင်ပြိုလက်ဝဲအရပ်က ယာယီဒုက္ခသည်စခန်းမှာ ကျန်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀၅ ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေထံ လာမယ့် တနင်္လာနေ့မှာ ပြန်လည်အပ်နှံဖို့ သဘောတူညီထားကြောင်း သိရပါတယ်။

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်အတွင်း တွေ့ရှိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် လှေစီးထွက်ခွာသူတွေကို နိုင်ငံသားစိစစ်ပြီး၊ ပြီးခဲ့တဲ့ ဇွန်လကစလို့ အသုတ်ငါးသုတ်ခွဲပြီး မူလနိုင်ငံပြန်ပို့နေရာမှာ စုစုပေါင်း ၆၂၆ ယောက်ပြန်ပို့ပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း ရခိုင်ပြည်နယ် မောင်တောမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးထွက်ခွာသူ ၂၀၀ ကျော်၊ ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အတွင်း မြန်မာ့ပင်လယ်ပြင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လှေစီးထွက်ခွာသူ ၇၀၀ ကျော် တို့ကို မြန်မာ့ရေတပ်က တွေ့ရှိကယ်တင်ခဲ့တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ အဲဒီလှေစီးထွက်ခွာသူတွေဟာ ထိုင်းနဲ့ မလေးရှားမှာ အလုပ်လုပ်ဖို့အတွက် လူမှောင်ခို ဂိုဏ်းတွေက ခေါ်ဆောင်လာခဲ့ရာက၊ ထိုင်းနိုင်ငံမှာ လူမှောင်ခိုနှိမ်နင်းမှုတွေ အရှိန်မြှင့်ဆောင်ရွက်လာနေ တာကြောင့် မြန်မာ့ပင်လယ်ပြင်ထဲ စွန့်ပစ်ထားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။