ဘင်္ဂလားဒေ့ရှ်ကိုထိလာရင် လက်တုံ့ပြန်မယ်လို့ ပြည်ထဲရေးဝန်ကြီး သတိပေး
2024.06.21

ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို မတိုက်ကြဖို့ မြန်မာစစ်တပ်ကိုရော ရက္ခိုင့်တပ်တော် AA ကိုပါ သတိပေးထားပြီး၊ ဖြစ်လာမယ်ဆိုရင် လက်တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒူဇာမန် ခန်း ကာမဲလ် (Asaduzzaman Khan Kamal) က မနေ့ကပြောတဲ့အကြောင်း ဒါကာထရီဗြွန်းသတင်းမှာ ဖော်ပြထားပါတယ်။
“မြန်မာပြည်မှာ ဘယ်လိုအခြေအနေဖြစ်နေလဲဆိုတာ သူ့အနေနဲ့ တိတိကျကျမသိဘူး။ ဒါပေမဲ့ သေချာတာက တစ်ခါတလေမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB အဖွဲ့တွေကို မှားပြီးပစ်တာတွေ ရှိတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်အလံတွေ့ရင် မပစ်ဖို့ သူတို့ကို ပြောထားတယ်” လို့ ဝန်ကြီး ကာမဲလ်က ပြောပါ တယ်။
နတ်မြစ်ထဲမှာ တက္ကနက်ဖ်ကနေ စိန့်မာတင်ကျွန်းကြားမှာ တချို့နေရာတွေက ဘင်္ဂလားဒေ့ရှ်ပိုင်နက်ပြတဲ့အချက်တွေ ပျောက်နေတတ်လို့ နယ်မြေကျော်ပြီးဖြစ်တာမျိုးတွေရှိတယ်လို့ သူက ပြောပါတယ်။ အဲဒီရေကြောင်းမှာ သွားလာနေတဲ့သူတွေသတိထားဖို့လည်း သူကပြောပါတယ်။