ဘင်္ဂလားဒေ့ရှ်က မြန်မာနဲ့ ဆက်ဆံရေး တိုးတက်စေချင်


2015.11.28

မြန်မာနိုင်ငံ နဲ့  ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြားမှာ ရှိနေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး အဖုအထစ်တွေကို ဖယ်ရှားပြီး ရှေ့ကို တက်လှမ်းလိုတဲ့ ဆန္ဒရှိပါတယ်လို့  ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ် ကပြောကြား လိုက်ပါတယ်။

Dhaka Tribune သတင်းစာက မေးမြန်းရာမှာ သူက  ရိုဟင်ဂျာ ပြဿနာလို အဖုအထစ်တွေကို ဘေးဖယ် ထားပြီး လောင်စာစွမ်းအင်ကိစ္စ၊ နှစ်နိုင်ငံ ကူးလူး ဆက်ဆံရေး ကိစ္စ ပူးပေါင်းဆောင်ရွက်မှု ဆိုတာတွေကို ဦးစားပေး လုပ်ကိုင်သွားလိုတယ်လို့ ပြောပါတယ်။

မိမိတို့နှစ်နိုင်ငံကြားမှာ လိုအပ်နေတာက ယုံကြည်မှု ဖြစ်ကြောင်း၊ ရိုဟင်ဂျာ     ပြသနာတို့ လုံခြုံရေး  ပြသနာတို့ ကို ရှေ့တန်းတင်လိုက်ရင် ဘာမှ ရလဒ်ကောင်းပေါ်ထွက်လာမှာ မဟုတ်ကြောင်းလဲ သူက ပြောပါတယ်။

ပြီးခဲ့တဲ့လေး ငါးလ အတွင်းမှာ  ဘင်္ဂလားဒေ့ရှ်ဘက်က ကြိုးပမ်းလုပ်ဆောင်ခဲ့လို့ ဆက်ဆံရေး  တိုးတက်လာခဲ့ကြောင်း၊ လက်နက်ကိုင်လူဆိုးတွေ ဖမ်းလာ တဲ့  မြန်မာစစ်သား နှစ်ဦးကို ကယ်ဆယ်ပြီး  ပြန်အပ်လိုက်တဲ့ ကိစ္စနဲ့  မြန်မာနိုင်ငံမှာ တလောက ရေဘေးကြုံရတုန်းက ကယ်ဆယ်ရေးပစ္စည်းတွေ အမြန်ပေးပို့ခဲ့တဲ့ကိစ္စကြောင့် မြန်မာအစိုးရ က ကျေးဇူးတင်ခဲ့ကြောင်း၊ အဲဒီ ပြောရေးဆိုခွင့်ရှိသူပုဂ္ဂိုလ် ကပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။