ရိုဟင်ဂျာတွေကို ခေါ်ယူလိုကြောင်း ကနေဒါကမ်းလှမ်းချက် ဘင်္ဂလားဒေ့ရှ် လက်မခံ


2018.11.09
rohingya-bangladesh-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို ၂၀၁၈ သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Dibyangshu SARKAR / AFP

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တချို့တဝက်ကို သူတို့နိုင်ငံ ပြောင်းရွေ့နေထိုင်ဖို့ ကနေဒါနိုင်ငံက ကမ်းလှမ်းခဲ့တာကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံခြင်းမရှိဘူးလို့ ဒီကနေ့ သိရပါတယ်။

ကနေဒါအစိုးရရဲ့ ပြောဆိုချက်အရ ပြီးခဲ့တဲ့ မေလမှာ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland ခရစ်တီးယား ဖရီးလန်ဒ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့စဉ် အဲဒီ ရိုဟင်ဂျာတွေထဲကနေ မြန်မာပြည်မှာ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေ အပါအဝင် ဒုက္ခဆင်းရဲ ရောက်ခဲ့ရသူတွေကို ဦးစားပေးပြီး လူအရေအတွက် ပမာဏတခုအထိ လက်ခံလိုကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာက ဒီကိစ္စကို စဉ်းစားသုံးသပ်ပါဦးမယ်လို့ပဲ ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ကနေဒါအစိုးရ အရာရှိတဦးက မိမိတို့နိုင်ငံအနေနဲ့ အဲဒီ ကမ်းလှမ်းချက်ကို ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးပါဘူး၊ အခုလည်း ဆက်ပြီး ဆွေးနွေးမေးမြန်းနေဆဲပါပဲ၊  UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလည်း ဒီကိစ္စမှာပါဝင် ညှိနိုင်းပေးနေပါတယ်လို့ ပြောပါတယ်။

အခုလို ကနေဒါအစိုးရရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို ရိုက်တာသတင်းဌာနက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေကြားဖို့ ငြင်းဆိုတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။