ခေါင်းဆောင်တွေပြန်မလွှတ်ရင် ဆန္ဒပြန်ပြမယ်လို့ ဘင်္ဂလားဒေ့ရှ်ကျောင်းသားအဖွဲ့ပြော
2024.07.28

နိုင်ငံအနှံ့ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်မပေးရင် ဆန္ဒပြပွဲ ပြန်စမယ်လို့ ဘင်္ဂလားဒေ့ရှ် ကျောင်းသားအဖွဲ့ တဖွဲ့က ဇူလိုင် ၂၈ ရက်က ပြောကြားလိုက်ပါတယ်။
အစိုးရအလုပ်တွေမှာ စစ်ပြန်မျိုးဆက်တွေ ခန့်အပ်မယ့် စနစ်ကို မကျေနပ်လို့ ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ကျောင်းသားအဖွဲ့ဝင်တွေက ဦးဆောင် ဆန္ဒပြကြတာဖြစ်ပြီး ရဲဝန်ထမ်းတွေ အပါအဝင် အနည်းဆုံး လူ ၂၀၅ ယောက် ဆန္ဒပြပွဲတွေ အတွင်း သေဆုံးရတယ်လ်ို့ AFP သတင်းက ဖော်ပြပါတယ်။
ရဲတပ်ဖွဲ့ကလည်း ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးပြီး ဒီထဲ ကျောင်းသားခေါင်းဆောင် ခြောက်ယောက်ထက်မနည်း ပါဝင်ပါတယ်။
ဆန္ဒပြကျောင်းသားအဖွဲ့ခေါင်းဆောင်နဲ့ တခြားလူတွေကို ပြန်လွှတ်ပေးသင့်ပြီး စွဲဆိုထားတဲ့ အမှုတွေ ရုပ်သိမ်းပေးရမယ်လို့ ဆန္ဒပြပွဲ စီစဉ်သူတယောက်က သတင်းထောက်တွေကို စနေညက ပြောပါတယ်။
အဲဒီ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေအတွင်း ရဲတပ်ဖွဲ့က ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ပေမဲ့ အစိုးရ အဆောက်အဦတွေကို ကာကွယ်ဖို့အတွက် ပစ်ရခတ်ရတာလို့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
လုပ်ဖော်ကိုင်ဖက် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးပေမဲ့ သည်းအခံနိုင်ဆုံး အဆင့်ထိ သည်းခံကြကြရင်း အစိုးရ အဆောက်အဦတွေကို ကာကွယ်နိုင်မယ့် အရေး မမြင်တော့တဲ့ အခါ ရဲတွေကို ပစ်မိန့်ပေးရလို့ ဝန်ကြီးက ပြောကြားတဲ့အကြောင်း AFP က ဖော်ပြပါတယ်။