ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေး တိုးမြှင့်လိုကြောင်း AA ထုတ်ပြန်

2022.02.21
ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေး တိုးမြှင့်လိုကြောင်း AA ထုတ်ပြန် ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာတွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင်များ
File Photo - AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ စစ်ရေး၊နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ သံတမန်ဆက်ဆံရေး ပိုမိုအားကောင်း လာအောင် မြှင့်တင်လိုတယ်လို့ ရက္ခိုင့်တပ်တော် (ULA/ AA) က ဖေဖော်ဝါရီလ ၂၀ ရက် မနေ့က ရက်စွဲနဲ့ ထုတ်ပြန် လိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ မိခင်ဘာသာစကားများနေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်ဘာသာစကား ပိုင်ဆိုင်ထားတာတွေကို ဂုဏ်ပြုတဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်ကို အာရက္ခပြည်လို့ သုံးနှုန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခပြည်ဒေသမှာ ရှိတဲ့လူအဖွဲ့အစည်းနှစ်ခုဟာ သမိုင်းနဲ့ ယဉ်ကျေးမှုအရ အပြန်အလှန် ဆက်နွယ်မှုရှိပြီး ရခိုင်အသိုင်းအဝိုင်းဟာ ဘင်္ဂလားပြည်ရဲ့ အစိတ်အပိုင်းဖြစ်သလို ဘင်္ဂလားဒေ့ရှ်ဟာလည်း အာရက္ခပြည်ရဲ့ တစိတ်တပိုင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ရခိုင့်အချုပ်အခြာအာဏာကို ရခိုင်ပြည်သူပြည်သားတွေဆီကို ပြန်လည်ပေးအပ်တာဟာ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဖြစ်ပြီး မိခင်ဘာသာစကား ပြောဆိုပိုင်ခွင့်ဟာလည်း တခုအပါအဝင်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက် ဒီနေ့ဟာ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ UNESCO အဖွဲ့က ၁၉၉၉ ခုနှစ်မှာ အသိအမှတ်ပြုထားတဲ့ မိခင်ဘာသာစကားနေ့ ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။