ဒုက္ခသည် ပြဿနာဖြေရှင်းရေး ဘင်္ဂလားဒေ့ရှ်ကို အိန္ဒိယ အကူအညီ တိုးမြှင့်ပေးမည်


2018.04.09
rohingya-camp-622.jpeg ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Reuters

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခဲ့ကြသူ ဒုက္ခသည် ပြဿနာ ဖြေရှင်းရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကူအညီတွေ အပြည့်အ၀ တိုးမြှင့်ပေးမယ်လို့ အိန္ဒိယ အစိုးရက ပြောပါတယ်။

သုံးရက်တာ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဗီဂျေး ဂိုခါလီ က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူ ဟိတ်နဲ့ ဒါကာမြို့မှာ တွေ့ဆုံစဉ်အတွင်း ပြောဆိုခဲ့တာပါ။

ဒုက္ခသည်တွေ မူလနေရပ်ကို စောစောပြန်နိုင်ရေးအပါအဝင် ပြဿနာအခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကလည်း ဒုက္ခသည် ပြဿနာနဲ့ ပတ်သက်ပြီး မြန်မြန်ဆန်ဆန် ဖြေ ရှင်းဆောင်ရွက်ရေး၊ မြန်မာအစိုးရကို ဖိအားပေးဖို့ အိန္ဒိယအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။