မြန်မာ့လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင် ဖွဲ့ရန် ဘယ်လ်ဂျီယမ် ထောက်ခံ
2011.02.04

(Photo: RFA)
ဘယ်လ်ဂျီယမ်အစိုးရအနေနဲ့
ဒီအဆိုကို ထောက်ခံဖို့ အချိန်အတော်ကြာ စဉ်းစားခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ
စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ ထောက်ခံတာတွေ အခုလို တဖြည်းဖြည်းနဲ့ များလာပြီး ဥရောပတခုလုံးမက
တကမ္ဘာလုံး အတိုင်းအတာထိ ဖြစ်လာမယ်ဆိုတာ ယုံကြည်ကြောင်း Burma Action Belgium ရဲ့ပြောခွင့်ရပုဂ္ဂိုလ်
Mr. Peirre က RFA ကို ပြောသွားပါတယ်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်း ကျင်းပခဲတဲ့ ဘယ်လ်ဂျီယမ် လွှတ်တော် အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ လိုတယ်ဆိုတဲ့ အခြေခံအချက်တွေကို ဘယ်လ်ဂျီယမ် နိုင်ငံအနေနဲ့ အသိအမှတ်ပြုထားပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အဆိုကို ထောက်ခံတဲ့ နိုင်ငံပေါင်း ဘယ်လ်ဂျီယမ် နိုင်ငံအပါအဝင် ၁၄ နိုင်ငံ ရှိပါပြီ။