ဘီးလင်းမှာ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး သေဆုံး

RFA Burmese
2023.03.19
ဘီးလင်းမှာ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး သေဆုံး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးခေါင်းကျည်ထိမှန် သေဆုံးခဲ့ရသည့် ကလေးငယ်အား တွေ့ရစဉ်။
Citizen Journalist

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အဝန်းကြီးရွာထဲကို မတ်လ ၁၈ ရက်က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး အသက်ခြောက်နှစ်အရွယ် စောဖိုးသင်္ကြန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်းလွဲ ၃ နာရီဝန်းကျင်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး စောဖိုးသင်္ကြန်ရဲ့ ဦးခေါင်းကို ကျည်စထိမှန် သေဆုံးခဲ့တာလို့ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဝန်းကြီးရွာအစပ်မှာကျတာပေါ့။ ကျနော်တို့ ပရဟိတအသင်းအလှူရှင်ရဲ့တူလေးပါ။ သေဆုံးတာကတော့ မှန်ပါတယ်”

ဘီးလင်းမြို့နယ် အဝန်းကြီးရွာနဲ့ ရွှေရောင်ပြကျေးရွာအုပ်စုက ရွာတွေထဲကို လက်နက်ကြီး ကျည်တွေ မကြာခဏ ကျရောက်ပေါက်ကွဲနေပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာ မသိရဘူးလို့ သူက ပြောပါ တယ်။

ဘီးလင်းမြိုနယ်၊ ဇီးဝန်းကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၃၁၄ အမြောက်တပ်က ပစ်ခတ်နေတာလို့ ဒေသတွင်းမီဒီယာတချို့က ရေးသားနေပေမယ့် RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးတိုးဝင်းကို RFA က မတ်လ ၁၉ ရက်မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ မတ်လ ၁၇ ရက်နေ့အထိ သေဆုံးခဲ့ရသူ ၃၁၄၂ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။