ဘင်္ဂလားဒေ့ရှ်လေယာဉ် ပြေးလမ်းချော်၊ လူ ၁၁ ဦး ဒဏ်ရာရ
2019.05.08

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Biman ဘီမင်လေကြောင်းလိုင်းက Bombardier Dash 8 Q400 အမျိုးအစား ခရီးသည်တင် လေယာဉ်ပျံတစ်စင်း ဒီနေ့ ညနေ ၆ နာရီခွဲခန့်က ရာသီဥတုဆိုးဝါးနေစဉ် မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ်အဆင်းမှာ ပြေးလမ်းချော်ထွက်ပြီး ပျက်စီးခဲ့လို့ လေယာဉ်မှူး အပါအဝင် လိုက်ပါလာသူ ၁၁ ဦး ဒဏ်ရာရသွားတယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြပါတယ်။
လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၃၃ ဦး လိုက်ပါလာတယ်လို့ သိရပါတယ်။ လေယာဉ်ဟာ ၃ ပိုင်း ကျိုးသွားခဲ့ပြီး လေဆိပ် အတက်အဆင်းကို ယာယီပိတ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။