မွန်ပြည်နယ် တံတားအသစ် စတင် ဖွင့်လှစ်
2017.04.27

မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို ဆက်သွယ်ထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတား (ဘီလူးကျွန်း) ဆိုတဲ့ ဆိုင်းဘုတ်ကိုတင်ပြီး ဒီကနေ့ကစလို့ ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပါတယ်။
အဲဒီတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးတာကို ဒေသခံတွေက လုံးဝမကျေနပ်ကြဘဲ သံလွင်တံ တား( ချောင်းဆုံ) ဆိုတဲ့ မူလနာမည် ပြန်ပေးဖို့ဆိုပြီး လက်မှတ်ကောက်ခံထားတယ်လို့ သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လှုပ်ရှားမှုကော်မတီက မင်းအောင်မွန်က ပြောပါတယ်။
‘’အခု တစ်သိန်းနှစ်သောင်းလောက် ရထားတာပေါ့လေ၊ နောက်ထပ်တိုးလာဖို့ရှိတာပေါ့၊ ဥပဒေဘောင်ထဲက လုပ်ဖို့ရှိတာကို ဒီအစိုးရအသိအမှတ်ပြုနိုင်ဖို့ ကျနော်တို့ လုပ်ရသလောက် လုပ်တာပေါ့၊ ကျနော်တို့ လမ်းလျှောက်ဆန္ဒပြတာက နှစ်ခါလုပ်ခဲ့ပြီးပြီလေ’’
တံတားကို ဖွင့်ပွဲအခမ်းအနား ကြီးကြီးကျယ်ကျယ်နဲ့ ကျင်းပတာမျိုးမရှိဘဲ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ဧပြီ ၂၇ရက် မနက် ၅ နာရီမှ ည ၁၀ နာရီထိ ဗိုလ်ချူပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) အား ပြည်သူ အပေါင်းဖြတ်သန်းနိုင်ပါပြီ။ မွန်ပြည်နယ်တိုးတက်ပါစေ ပြည်သူ အပေါင်း နှလုံးစိတ်ဝမ်းအေးချမ်းပါစေဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေဆီ တံတားဖွင့်လိုက် တာနဲ့ ပတ် သက်ပြီးမေးမြန်းဖို့ကြိုး စားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
စတင် ဆောက်လုပ်ချိန်တုန်းက သံလွင်တံတား ( ချောင်းဆုံ) ဆိုတဲ့နာမည်နဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိအစိုး ရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီး နာမည်ပေးဖို့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တာကြောင့် ဒေ သခံ မွန်တိုင်းရင်းသားတွေ သောင်းနဲ့ချီပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။