ဗိုလ်ချုပ်အောင်ဆန်းရုပ်ထားရှိမှာကို ကန့်ကွက်မှုတွေရှိပေမယ့် လွိုင်ကော်မြို့မှာဖွင့်လှစ်


2019.02.02
bogyoke-statue-kayah-622.jpg ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ် ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ တွေ့ရစဉ်
Photo: Thiha Tun/RFA

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမယ့်အပေါ် ကန့်ကွက်မှုတွေရှိနေတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ဖွင့်ပွဲနဲ့ ထောက်ခံပွဲကို ဒီနေ့ ကျင်းပခဲ့ပါတယ်။

ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ်ပိုင်းက ကန္တာဟေဝန်ပန်းခြံထဲမှာ စိုက်ထူခဲ့ပြီးနောက် ဒီနေ့ မနက်ပိုင်းမှာ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် အပါအဝင် ကယားပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးတွေလည်း တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့်အပေါ် ကရင်နီလူငယ် ၂၀ ဦးက ဇန်နဝါရီလ ၃၁ ရက်နေ့ညနေကစပြီး သပိတ်စခန်းဖွင့် ကန့်ကွက်ခဲ့ရာ ပါဝင်သူ လူငယ် ၂၀ ဦးကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ မနေ့က အမှုဖွင့်တရားစွဲခဲ့ပါတယ်။

အမှုဖွင့်ခံရတဲ့ လူငယ်တွေက လွိုင်ကော်မြို့ကို ရောက်ရှိနေတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တချို့နဲ့ တေ့ွဆုံခွင့်ရဖို့ ပြည်နယ်ပါတီရုံးရှေ့မှာ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။