ဆန္ဒပြသူတွေဖြိုခွင်းခံရပြီးနောက် ပန်းပင်ကြီးလမ်းထဲ ဗုံးပေါက်

2021.12.05
ဆန္ဒပြသူတွေဖြိုခွင်းခံရပြီးနောက် ပန်းပင်ကြီးလမ်းထဲ ဗုံးပေါက် ၂၀၂၁၊ ဒီဇင်ဘာ ၅ ရက်နေ့ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြခဲ့တဲ့ ရန်ကုန်လူထုသပိတ် က လူငယ်တွေကို တွေ့ရစဉ်
Photo: STR / AFP

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ဒီဇင်ဘာ ၅ ရက် ဒီနေ့မနက်က ဆန္ဒပြလူငယ်တွေ ကားနဲ့တိုက် ဖြိုခွင်းခံခဲ့ရပြီးနောက် ဗုံးပေါက်ကွဲခဲ့ရာမှာ သုံးယောက် ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၁ နာရီ ၄၅ မိနစ်လောက်မှာ ပန်းပင်ကြီးလမ်းထဲ ပေါက်ကွဲသံ နှစ်ချက် ကြားခဲ့ရပြီး အမျိုးသား သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ မြေပြင်ကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အဖွဲ့ တစ်ဖွဲ့က ပြောပါတယ်။

"ထိခိုက်ထားတာ တစ်စုံတစ်ရာ မစိုးရိမ်ရပါဘူး။ ဗုံးစလေး မှန်ထားတဲ့ဟာလေးပဲ။ ကျွန်တော်တို့ ၁၁ နာရီ ၅၃ မိနစ်မှာ သတင်းရတယ်။ ဗုံးပေါက်တဲ့အချိန်တော့ ကျွန်တော်တို့ မရှိဘူးဗျ"

ထိခိုက်ဒဏ်ရာရသူ သုံးယောက်ကို အရေးပေါ် ဆေးကုသပေးခဲ့ပြီးနောက် ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီနေ့ မနက်ပိုင်းက ပန်းပင်ကြီးလမ်းထဲမှာ ရန်ကုန်လူထုသပိတ် ဆန္ဒပြလူငယ်တွေကို ရန်ကုန်တိုင်း စစ်ဌာနချုပ်ရဲ့ စစ်သားတွေက Tata Xenon GS 800 အမျိုးအစား စစ်ကားနဲ့ အနောက်ကနေ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ဖမ်းဆီးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-12-05 22:13

We are required to shoot to every Tata Xenon GS 800.